အမျှင်ဓာတ်တွေ များများစားကြရအောင်
02-May-2017
အမျှင်ဓာတ် (Dietary Fibre)
အစာမျှင်ဆိုတာ အစာခြေလို့မရတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုး ဖြစ်ပါတယ်။ အစာမျှင်တွေဟာ အပင်ထွက်အစာတွေမှာ သဘာဝအလျောက်ပါဝင်နေပြီး၊ လူကို ဗိုက်ပြည့်အောင်၊ ဆာလောင်မှု သက်သာအောင် လုပ်ပေးပါတယ်။ ဝမ်းမှန်မှန်သွားအောင်လည်း ကူညီပါတယ်။ အစာမျှင်ကြွယ်ဝတဲ့ အကောင်းဆုံး အစာတွေက ပဲအမျိုးမျိုးဖြစ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေ၊ လုံးတီးကောက်နှံတွေနှင့် အခွံမာသီး (Nut) တွေဟာလည်း အစာမျှင်ကြွယ်ဝတဲ့ အစာတွေပဲ ဖြစ်ပါတယ်။
အစာမျှင်တွေဟာ နှလုံးနှင့် သွေးကြောရောဂါ၊ အဝလွန်ခြင်းနှင့် ဆီးချိုသွေးချိုရောဂါ အမျိုးအစား -၂ တို့ ဖြစ်ပွားနိုင်တဲ့ အလားအလာကို လျော့နည်းစေနိုင်ပါတယ်။ သွေးထဲမှာ အဆီဓာတ်အမျိုးမျိုး ရှိတဲ့သည့်ပမာဏအတိုင်း ရှိနေအောင်၊ ဂလူးကို့စ်သုံးစွဲနိုင်စွမ်း (Glucose Tolerance) ပုံမှန်ဖြစ်နေအောင် ၊ အူနှင့်အစာလမ်းကြောင်း ပုံမှန်အလုပ်လုပ်နိုင်အောင် အစာမျှင်ကြွယ်ဝတဲ့ သဘာဝအစားအစာတွေကို ကလေးလူကြီးအားလုံး စားသုံးသင့်တယ်လို့ အကြံပြုထားပါတယ်။ အစားအစာတွေထဲမှာ အစာမျှင်ဓာတ်တွေဟာ သဘာဝအတိုင်းပါဝင်နေတဲ့ အစာမျှင်ဓာတ်တွေလို အာနိသင် ရှိ၊ မရှိဆိုတာ မသေချာပါဘူး။
အမျိုးသားကြီးတစ်ယောက်အနေနဲ့ ကယ်လိုရီ ၁၀၀၀ ရနိုင်တဲ့အစာကို စားတိုင်း အစာမျှင် ၃၈ ဂရမ်လောက်ပါဝင်အောင် စားသင့်ပြီး အမျိုးသမီးကြီးတစ်ယောက်အနေနဲ့ အစာမျှင် ၂၅ ဂရမ်လောက် ပါဝင်အောင် စားသင့်တယ်လို့ အကြံပြုထား ပါတယ်။ နူးည့ံနေအောင်ပြုလုပ်ထားတဲ့ ပေါင်မုန့်၊ ပီဇာစတဲ့ အစားအစာတွေဟာ အစာမျှင် များများမပါဝင်ပါဘူး။ အစာမျှင်များများရအောင် ပဲအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်၊ လုံးတီးကောက်နှံ၊ အခွံမာသီးတွေ များများစားဖို့ တိုက်တွန်းထားပါတယ်။
Credit:
ဒေါက်တာလှကြည်
Related Articles
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18
Advertisment 18

